ဧရာဝတီတိုင်းဒေသကြီး၊
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရွှေမြင်တင်ကျေးရွာ
သီရိဝဏ္ဏစေတီတော်မြတ်ကြီး
သမိုင်းအကျဉ်း
ဂေါတမမြတ်စွာဘုရားသည်
ရာဇဂြိုလ်ပြည်သို့ ဆွမ်းခံဝင်တော်မူသော အခါ ခုနှစ်နှစ်အရွယ် ပိယဒဿီအမည်ရှိထားသူကြွယ်သားသည်
သဒ္ဓါယိုဖိတ် ကြည်ညိုစိတ်ရှိသည်ဖြစ်ရကား လက်ဝါးပြင်ပေါ်ရှိမြေမှုန့်ကို လှူတော်မူလိုက်၏။
ထိုအခြင်းအရာကြောင့်
ညီတော်အာနန္ဒာအား ‘သည်မြေမှုန့်လှူသွား အကျိုးအားကြောင့် ပိယဒဿီသူကြွယ်သား စံစာပြီးသော်ငါဘုရား
ပရိနိဗ္ဗာန် စံဝင်တော်မူပြီး နောက်ဝယ်လူဘုံလယ်တွင် ယုံဖွယ်မရှိ အတုမဲ့ခေါင်သာသနာပြု
မင်းဦးသျှေင် သီရိဓမ္မာသောကရာဇာ မည်သည့် ဗလစကြာမင်း ဖြစ်လတ္တံ’ ဟူ၍ ဗျာဒိတ်စကား မိန့်ကြားတော်မူသည်။
သီရိဓမ္မာသောကမင်းကြီးသည်
သာသနာမမှေးမှိန် မတိမ်ကောစေရန် သာသနာ သက္ကရာဇ် ၂၃၅ ခုနှစ်၊ နယုန်လကွယ်နေ့၊ ဘီစီ ၂၄၇
ခုနှစ်၌ ပါဋလိပုတ်ပြည်၊ အသောကရုံ ကျောင်းတော်ကြီးတွင် အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်
အမှူးရှိသော ရဟန္တာပေါင်း ၁၀၀၀ တိုနှင့်တကွ တပို့တွဲလအထိ ကိုးလတိုင်တိုင် တတိယသင်္ဂါယနာ
တင်တော်မူခဲ့သည်။
ဤသို့
တတိယ သင်္ဂါသနာ တင်တော်မူပြီးသည့် ပိဋကတ်သုံးပုံ အလုံးစုံကို ရွှေပြားငွေပြားထက် အက္ခရာတင်စေ၍
မွေတော်ဌာပနာထားသည့် မိုက်ပြည့် ရွှေစေတီတော်များနှင့်တကွ သာသနာပြုစေလွှတ်တော်မူသည်။
သုဝဏ္ဏဘူမိ သထုံပြည် (မြန်မာနိုင်ငံ) သို့ အရှင်သောဏမထေရ် နှင့် အရှင် ဥတ္တရမထေရ်နှစ်ပါး
ဦးဆောင်ပြီး နောက်ပါသံဃာသုံးပါးနှင့်တကွ သာသနာပြု ကြွရောက်တော်မူလာ၏။
သုဝဏ္ဏဘူမိသထုံပြည်မှ
တဆင့် ယခု ပုသိမ်မြို့တည်ရှိရာ တိရင်္ဂလကျွန်းသို့ ရောက်တောမူလတ်သော် မွေတော်တစ်ဆူ ဌာပနာ၍
ရွှေမယ်နလေးချက်စွဲ ထားသည့် ရွှေစင်အတိ မိုက်ပြည့် စေတီတော်တစ်ဆူနှင့် ရွှေပြားပိဋကတ်သုံးပုံ
တစ်စုံ ဌာပနာသွင်း စေတီတည်ထားကိုးကွယ်ရန် နေရာရှာကြ၏။
အရှင်သောဏ၊
အရှင်ဥတ္တရစသော သယသနာပြု ရဟန္တာအထေရ်မြတ် ငါးပါးနှင့် သီရိဓမ္မာသောက မင်းကြီး၏ စေတီပေါင်းရှစ်သောင်းလေးထောင်၊
ရေကန်ပေါင်းရှစ်သောင်းလေးထောင် တည်ဆောက်ရေး၌ အစအဆုံး တာဝန်ယူနေရာရွေးရသော အရှင်ဣန္ဒဂုတ္တရဟန္တာမထေရ်၊
ပေါင်းခြောက်ပါးတို့ စုပေါင်းတိုင်ပင်၍ အောက်ပါ ဘူမိနက်သန်နေရာမှန်ကို ရွေးချယ်တော်မူကြလေ၏။
(က) အတွင်းမုဋ္ဌော
ငါးဆူအမည်တော်များ
(၁) ရွှေအာဏာ စေတီတော်မြတ်ဖြစ်သော ပုသိမ်
ရွှေမုဋ္ဌော စေတီ၊
(၂) ပုသိမ်မြို့တောင်ဘက် ရှဥ့်မင်းဘ၀ဖြစ်စဉ်နေရာ
မင်္ဂလာ စေတီခေါ် တကောင်းစေတီတော်၊
(၃) ပုသိမ်မြို့ အနောက်တောင် ရွှေသမင်မင်းဘဝ
စံပျော်ရာ ဌာန မဟာဗောဓိစေတီတော်၊
(၄) ပုသိမ်မြို့
အနောက်တောင်ဘက်ဆုံး ရှဥ့်မင်း ခန္ဓာစဲရာ ရေကြည် ရေနောက် အရပ်သုမင်္ဂလစေတီခေါ် ဆုတောင့်ပြည့်စေတီတော်၊
(၅) ပုသိမ်မြို့ အရှေ့တောင် ဆင်မင်းဘ၀ကျက်စားခဲ့ရာ
အရပ်မဟာစေတီခေါ် ဘုရားကြီးကုန်း စေတီတော်တို့ အသီးသီးဖြစ်ကြသည်။
(ခ) အပြင် မုဋ္ဌော
လေးဆူဘွဲ့တော်များ
(၁) ပုသိမ်မြို့ အနောက်တောင် ငါးဝန်မြစ်
အနောက်ဘက်တွင်ရှိ ခိုမင်းကျက်စားရာအရပ်၌ သုမနစေတီတော်၊
(၂) ပုသိမ်မြို့ အနောက်မြောက် ငါးဝန်မြစ်
အနောက်ဘက်ကမ်း ပုတ်သင်မင်း ဘ၀နေထိုင်ခဲ့ရာ အရပ်၌ ခိပ္ပိဿ စေတီခေါ် ရွှေပုတ်သင်စေတီတော်၊
(၃) ပုသိမ်မြို့ မြောက်ဘက်ငါးဝန်မြစ်နှင့်
ဒါးကချောင်း နှစ်ခုပေါင်းဆုံရာ ကြက်မင်းဘ၀ဖြစ်စဉ် နေခဲ့ရာ အရပ်၌ သီရိဝဏ္ဏ စေတီခေါ် ရွှေမြင်တင်စေတီတော်၊
(၄) ပုသိမ်မြို့ မြောက်ဘက် သာပေါင်းမြို့နယ်အထက်
ကျေးမင်းဘ၀ကျက်စားရာ အရပ်၌ အကျော်ဇေယျ ပဿထ စေတီခေါ် ဘိုးတော်ဘုရားကြီး စေတီတော်တို့
အသီးသီးဖြစ်ကြသည်။
သာသနာသက္ကရာဇ် (၂၃၈) ခုနှစ်တွင် သီရိဓမ္မာသောကမင်း
(၀ါ) အသောကမင်းကြီးသည် ဘုရားလောင်းကြက်မင်းဘ၀ဖြစ်စဉ် စံမြန်းတော်မူခဲ့ဖူးရာ ဤရွှေမြင်တင်
တောင်တော်၌ ရွှေကြက်ယက်စေတီ (ခေါ်) သီရိဝဏ္ဏ စေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ပါသည်။
နှစ်ပရိစ္ဆေဒကြာမြင့်၍ ပြိုကျပျက်စီးခဲ့ရာ သက္ကရာဇ် (၄၅၇) ခုနှစ်တွင် အလောင်းစည်သူမင်းကြီးမှ
ပြန်လည်ပြုပြင်ခဲ့ပြီး နှစ်ပေါင်းကြာမြင့်လာကာ စောင့်ရှေက်သူမဲ့၍ ပြိုကျပျက်စီးခဲ့ပြန်ပါသည်။
သက္ကရာဇ် (၆၂၅) ခုနှစ်တွင် သမုဃောသမင်းနှင့်
မိဖုရားဥမ္မာဒန္တီ တို့မှ ပြုပြင်ခဲ့ပြီး နှစ်ပေါင်းကြာမြင့်လာမှု၊ သဘာဝရာသီဥတုဘေးတို့ကြောင့်
ပြိုကျပျက်စီးခဲ့ရပြန်သည်။ သက္ကရာဇ် (၁၂၀၁) ခုနှစ်တွင် အင်္ဂလိပ် ရေတပ်တွင် တာဝန် ထမ်းဆောင်နေသော
ပဲ့နင်းကြီး ဦးကျော်လှမှ ထပ်မံပြုပြင်ခဲ့ပြန်သော်လည်း နှစ်ပရိစ္ဆေဒ ကြာမြင့်လာပြီး
ငလျင်ဒဏ် ခံစားရမှုများကြောင့် ထပ်မံပြိုကျပျက်စီး ခဲ့ပြန်ပါသည်။ သက္ကရာဇ် (၁၂၇၂) ခုနှစ်တွင်
ဆရာတော် ဦးဇနေ၊ ဦးက၀ိန္ဒကတို့မှ တစ်ပါးပြီးတစ်ပါး ကြွရောက်လာပြီး ပြုပြင်ရန် ကြိုးစားကြပြန်ပါသော်လည်း
ပဋ္ဌန်းဆက်နည်းခဲ့၍ ပြုပြင်ခွင့်မရခဲ့ပါ။
သက္ကရာဇ် (၁၂၉၈)
ခုနှစ်တွင် အဖေကြီး ဦးအောင်းချမ်းသာနှင့် တပည့် ဦးမောင်ဆင့် (ပန်းရံဆရာ - နောင်အခါ
ဆရာတော် ဦးဝဏ္ဏသာမိ ဖြစ်လာမည့်ပုဂ္ဂိုလ်) သို့ရောက်ရှိလာပြီး ပြုပြင်ရန် အဓိဋ္ဌာန်ဝင်ကြည့်ရာ အချိန်မတန်သေးကြောင်းသိရ၍ ဘုရားပျက်ကြီးပေါ်တွင်
အောင်ပန္နက် (ဓာတ်ပန္နက်) ရိုက်၍ သဲပုံစေတီ (၉) ဆူ တည်ထားခဲ့ကြပါသည်။
` ရွှေမြင်တင် စေတီတော်မြတ်ကြီး၏
အသစ်တဖန် ပြန်လည်မွမ်းမံပြုပြင်ရခြင်း အကြောင်းမှာ ရှေးနှစ်ပေါင်းများစွာက ပျက်စီးယိုယွင်းနေသော
စေတီတော်မြတ်ကြီးကို အသစ်တဖန်ပြန်လည်မွမ်းမံတည်ထား ကိုးကွယ်ကြရန် အခါခါကြိုးစားကြပါသော်လည်း
ရှေးဆရာတော်ကြီးအဆက်ဆက်က အကြောင်းမညီညွတ်ကြသည်ကိုထောက်ဆ၍ ထိုစေတီတော်မြတ်ကြီးကို ပြုပြင်ရန်
မ၀ံ့မရဲ ဖြစ်နေကြသည့်အခိုက်တွင် ရန်ကုန်မြို့ အေ၀မ်းခြံ၊ မဟာမြိုင်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူသော
ဆရာတော် ဦးဝဏ္ဏသာမိ (အဖေကြီး ဦးအောင်ချမ်းသာ၏ တပည့် ဦးမောင်ဆင့်) အရှင်သူမြတ်၏ ခမာဇာဂရိယုဌာနံ
သံဝိဘာဂေါစသော ဂုဏ်သတင်းများကို ကြားသိကြသဖြင့် ထက်သန်သောသဒ္ဒါ၊ မွန်မြတ်သော စေသနာ၊
မြော်မြင်သောဥာဏ်တို့ဖြင့် သွားရောက်ပင့်ဆောင်ကာ ရွှေမြင်တင် ကံသာဆရာတော် ဦးနန္ဒာအရှင်သူမြတ်ကြီးမှူးသော
နာယကဆရာတော်ကြီးများ၊ ဂေါပကလူကြီးများ၊ ဗုဒ္ဓဝေယျာဝစ္စလူငယ်များ၊ ၀ိသာခါအမျိုးသမီးများ၊
ပုသိမ်မြို့နေ ဦးဘိုရင်နှင့်အဖွဲ့သားများတို့သည် ဤသို့ အသီးသီးတိုင်ပင် ဖွဲ့စည်းပြီးလျှင်
စေတီတော်မြတ်ကြီးကို (၁၃၂၅) ခုနှစ်၊ ပြာသိုလဆန်း (၈) ရက်နေ့က ပြန်လည်တည်ထားကိုးကွယ်နိုင်ကြပါရန်
တာဝန်အပ်နှင်းတော်မူကြပါသည်။ ဆရာတော် ဦးဝဏ္ဏသာမိ အရှင်သူမြတ်က အချိန်တန်အခါရောက်ပြီဖြစ်ပါ၍
တိုင်းသူပြည်သားဝေနေယျ သတ္တ၀ါအပေါင်းတို့အား ကုသိုလ်စေတနာ သဒ္ဓါတရားတိုးပွားစိမ့်သောငှါ
မြင်တော်မူ၍ ၀မ်းမြောက်ဝမ်းသာနှင့် ဥာဏ်ဝိရိယရှိပါမှ ကံကကူညီမည်ဟု မိန့်တော်မူပြီး
လက်ခံတော်မူပါသည်။
လက်ခံပြီးသည့်နောက်
ဆရာတော်ဘုရားကြိးမှာ စေတီတော်မြတ်ကြီးအား ပြုပြင်ရန်အတွက် သတိကြီးစွာနှင့် အဓိဋ္ဌာန်ပြုဆုတောင်းပြီး ခန္တီ၊ သစ္စာ၊ မေတ္တာများကို ပဋ္ဌာနာပြု၍ ၁၃၂၅ ခုနှစ်၊ တပို့တွဲလပြည့် နေ့မှစပြီး တစ်စတစ်စ ပြုပြင်မွမ်းမံ
တည်လာခဲ့သည်မှာ၊ ၁၃၂၅ ခု၊ တန်ခူးလဆန်း (၉) ရက် ဗုဒ္ဓဟူးနေ့မှ ၄င်းလပြည့်နေ့တိုင်အောင်
အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ မှန်သင်္ကန်းများဆက်ကပ်၍ ရွှေထီးတော်တင်လှူပြီးဆုံးခြင့်သို့
ရောက်ရှိခဲ့ပြီး စောင်းတန်းကြီးနှင့် တင့်တယ်စေခဲ့ပါသည်။ ယင်းနောက်ပိုင်း (၁၃)နှစ်ခန့်
ဆောင်ရွက်နိုင်မှု အားနည်းခဲ့ပြီး ပြန်လည်ပြုပြင်မှုများ မပြုနိုင်ခဲ့ပါ။
၂၀၀၁ ခုနှစ်တွင်
အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးတပ် တပ်မှူး ဒုတိယဗိုလ်မှူးကြီး ကြည်ထွဋ်ဝင်း(ငြိမ်း)နှင့်
ဗိုလ်မှူးသိန်းတန်(ငြိမ်း) တို့မှ ဦးဆောင်၍ နယယဆရာတော် ဘဒ္ဒ န္တတေဇနိယ နှင့်အတူ ရပ်မိရပ်ဖများနှင့်
ပူးပေါင်း၍ ရင်ပြင်ကြွေပြားခင်းခြင်းလုပ်ငန်းများ၊ ရောင်တော်ဖွင့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
(၃၀.၇.၂၀၀၈)
ရက်နေ့တွင် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိ လူကြီးမင်းများ၊
မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိလူကြီးမင်းများ၊ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၊
ကျေးရွာသံဃာ့နာယကဆရာတော်ကြီးများမှ အသစ်ဖွဲ့စည်းခဲ့သော လက်ရှိဘဏ္ဍာ ထိန်းဂေါပကအဖွဲ့သည် တိမ်းစောင်းနေသော ထီးတော်ကြီးအား ပြန်လည်တည့်မတ်ခြင်း၊
စေတီတော်တွင်ပေါက်နေသော ညောင်ပင်များအား ရှင်းလင်းခြင်း၊ ကွာကျနေသော မှန်သင်္ကန်းများအားဖယ်ရှားပြီး
ပထမအကြိမ် လုံးတော်ပြည့် ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ရန် (၁၇.၁၂.၂၀၀၉) ရက်နေ့မှစတင်၍ အကြီးအကဲများ၏
ညွှန်ကြားမှုကိုခဲယူပြီး ရွှေမြင်တင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ကျေးရွာ ပတ်ဝန်းကျင်ရှိ
အမှတ်(၆) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ အမှတ်(၁၁) ခြေလျင်တပ်ရင်း၊ အမှတ် (၄) အထပ်သားစက်ရုံ၊
ဌာနဆိုင်ရာဝန်ထမ်းများ၊ နာယကဆရာတော်များ၊ အမှတ် (၅) ဓာတ်မြေသြဇာစီမံကိန်းဒါရိုက်တာ
ဒုတိယဗိုလ်မှူးကြီး ကျော်မြင့်(ငြိမ်း) ဇနီး ဒေါ်တင်တင်ဝင်းမိသားစု၊ သီရိသုဓမ္မ မဏိဇောတဓရ
အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ အမျိုးသားလွှတ်တော် ဦးစိုးဟန်လင်းမိသားစု၊ ဗိုလ်ကြီး ၀င်းသိန်း(ငြိမ်း)
နှင့်ဇနီး၊ သုံးဆယ်မြို့မှ ကိုတင်ဝင်း + မခင်ပြုံး မိသားစု၊ ပုသိမ်မြို့ ဒေါ်ကြည်အောင်
(သရဖီ ရွှေဆိုင်) မိသားစု နှင့် ရွာသူရွာသားများစုပေါင်း၍ မတည်လျှက် ရွှေချခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ
(၁.၁၂.၂၀၁၀) နေ့တွင် စေတီတော်ကြီးနှင့် အရံစေတီများအားလုံးပြီးစီးလျှက် ပြိုကျပျက်စီးနေသော
ရဟန္တာသိမ်တော်ကြီးကိုလည်း ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
သီရိဝဏ္ဏစေတီတော်မြတ်ကြီးသည်
(၁) မုဋ္ဌောကိုးဆူ
သမိုင်းဝင် ရွှေကြက်ယက်စေတီတော်မြတ်ကြီး ဖြစ်ခြင်း၊
(၂) သီရိဓမ္မာသောကမင်းကြီး၊ အလောင်းစည်သူမင်းကြီး၊
သမုဒ္ဒ ဃောသမင်းနှင့် မိဖုရားဥမ္မာဒန္တီတို့ တည်ထားသည့် (မင်း- ၃ ဆက်) စေတီတော်ကြီးဖြစ်ခြင်း၊
(၃) သာသနာပြု ကမ္ဘာ့နံပါတ်(၁) အဖေကြီး ဦးအောင်ချမ်းသာ၏
မူလဓာတ်ပန္နက်အောင်မြေ အစစ်ဖြစ်ခြင်း၊
(၄) မြန်မာပြည်အနှံ့

No comments:
Post a Comment